နိဒါန်း

ဂျပန်နိုင်ငံရှိဂျပန်ပညာရေးနယ်ပယ်တွင်(ဂျပန်ဘာသာစကားကျောင်း)နှင့်ပုဂ္ဂလိကတက္ကသိုလ်များနှင့်ကာလတိုကောလိပ်များမှသတ်မှတ်ထားသောကျောင်း(အထူးပြုဘာသာရပ်အပြင်သီးခြားဂျပန်စာသင်တန်း)ဟူ၍များစွာရှိပါသည်။ဤဆောင်းပါး၌ဂျပန်ဘာသာစကားကျောင်းများနှင့်ပတ်သတ်၍ရှင်းပြပါမည်။ 

ဂျပန်စာဘာသာစကားကျောင်းများသည်အဖွဲ့အစည်းများနှင့်သက်ဆိုင်ရာအသင်းအဖွဲ့များကသတ်မှတ်ပြငှာန်းထားသော

ကျောင်းဖြစ်ပီးဂျပန်တနိုင်ငံလုံးအတိုင်းအတာအနေဖြစ် ကျောင်းပေါင်း ၆၀၀ ကျော်ရှိပြီးအဆိုပါကျောင်းများတွင်ကျောင်းသားပေါင်း ၈၀,၀၀၀ ကျော်ဂျပန်စာဆည်းပူးနေကြပါသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာကဂျပန်ဘာသာစကားကျောင်းများကိုကျောင်းသားများအားတက္ကသိုလ်များနှင့်အသက်မွေး၀မ်းကျောင်းကျောင်းများသို့၀င်ရန်ပြင်ဆင်ရာတွင်အသုံးပြုခဲ့သော်လည်းယနေ့ခေတ်တွင်ဂျပန်ဘာသာစကားကျောင်းများ၏ရည်ရွယ်ချက်မှာဂျပန်ယဉ်ကျေးမှုနှင့်အလုပ်အကိုင်အခွင့်အလမ်းများကိုပါရည်ရွယ်၍ပြောင်းလဲလာကြပါသည်။

ဂျပန်ဘာသာစကားကျောင်းတက်ရောက်ရန်

အဓိကလိုအပ်ချက်များ
  • သင်သည်ပညာသင်ယူနှစ်၁၂နှစ်ရှိရန်လိုအပ်ပါသည်။မြန်မာနိုင်ငံပညာရေးစနစ်တွင်မူလတန်းအလယ်တန်းအထက်တန်းစုစုပေါင်း၁၀နှစ်ဖြစ်သည့်အတွက်ဂျပန်တက္ကသိုလ်တ္ငင်တက်ရောက်ရန်ဂျပန်စာအထူးပြုသင်တန်းကျောင်းတွင်၂နှစ်ဆက်တက်ဖို့လိုအပ်ပါသည် 
  • ဂျပန်နိုင်ငံသို့ရောက်သည့်အချိန်တ္ငင်အနည်းဆုံးအသက် (၁၈) နှစ်နှင့်အထက်ရှိရပါမည်။
  • JLPT N5 နှင့်အထက်ဂျပန်စာကျွမ်းကျင်မှုရှိသည်။
  • အခြားလိုအပ်ချက်များကျောင်းပေါ်မူတည်၍ကွဲပြားနိုင်ပါသောကြောင့် စုံစမ်းဖို့လိုအပ်ပါမည်
လိုအပ်သောစာရွက်စာတမ်းများ
  • လျှောက်လွှာပုံစံနှင့်ကိုယ်ရေးရာဇဝင် (ကျောင်းမှသတ်မှတ်ထားသည့်ပုံစံ)
  • နောက်ဆုံးတက်ရောက်ခဲ့သောကျောင်း၏အမှတ်စာရင်းအသိအမှတ်ပြုစာရွက်
  • ကုန်ကျစရိတ်များပေးချေနိုင်စွမ်းကိုသက်သေပြသည့်စာရွက်စာတမ်းများ
  • အခြားလိုအပ်သောစာရွက်စာတမ်းများ
ဗီဇာအကြောင်း

ဂျပန်ဘာသာစကားကျောင်းတွင်ပညာသင်နိုင်ရန်ဂျပန်တက္ကသိုလ်များနှင့်အသက်မွေး၀မ်းကျောင်းကျောင်းသူကျောင်းသားများအားခွင့်ပြုသည့်ကောလိပ်ကျောင်းသားဗီဇာလိုအပ်လိမ့်မည်။

သက်တမ်းသည်လေ့လာမှုကာလအပေါ် မူတည်၍ ဂျပန်နိုင်ငံသို့ ၀င်ရောက်သည့်နေ့မှခြောက်လမှအများဆုံးနှစ်နှစ်အထိကွာခြားသည်။ 

ဂျပန်ဘာသာစာကျောင်းဝင်ခွင့်ယေဘူယျအစီအစဥ◌်

၁။ မြန်မာနိုင်ငံရှိဂျပန်ဘာသာစကားကျောင်းနှင့်တိုင်ပင်ပါ

၂။ ကျောင်း၀င်ခွင့်နမူနာ

၃။ ဂျပန်နိုင်ငံရှိဂျပန်စာကျောင်းသည်လျှောက်ထားသူ၏ကိုယ်စားလူဝင်မှုကြီးကြပ်ရေးနှင့်သဘာဝ န်ဆောင်မှုဌာနသို့လျှောက်ထားရန်အရည်အချင်းပြည့်မီကြောင်းလက်မှတ်ကိုလျှောက်ထားခြင်း

၄။ ၂ လခန့်အကြာတွင်ထုတ်ပေးခြင်းသို့မဟုတ်ပယ်ချခြင်း၏ရလဒ်ကိုကြေငြာခြင်း

၅။ သင်တန်းကြေးပေးခြေခြင်း

၆။ အရည်အချင်းပြည့်မီကြောင်းလက်မှတ်ထုတ်ပေးခြင်း

၇။ ကျောင်း၀င်ခွင့်အသိအမှတ်ပြုစာတစ်စောင်ပို့ခြင်း

၈။ ကောလိပ်ကျောင်းသားဗီဇာလျှောက်ထားခြင်း

၉။ ဂျပန်နိုင်ငံသို့၀င်ရောက်ခြင်း

အခြားအခြေအနေများသည်ကျောင်းပေါ် မူတည်၍ ကွဲပြားသောကြောင့် ကျောင်းနှင့်ဆက်သွယ်ဖို့လိုအပ်ပါသည်။

ဂျပန်ဘာသာစကားကျောင်းများအတွက်ဘွဲ့ယူရန်လိုအပ်ချက်များ

ကျောင်းပေါ်မူတည်၍ကွဲပြားသော်လည်းသင်တန်းပြီးဆုံးသည့်အချိန်အထိကျောင်းချိန်အနည်းဆုံး ၈၀% တက်ရောက်ရန်၊ အမှတ်စာရင်းသည်C နှင့်အထက်အဆင့် (A ~ E) ရရန်နှင့်သင်၏နောက်ဆုံးအတန်းတွင် N2 အဆင့်ရှိရန်လိုအပ်ပါသည်။ အကယ်၍ သင်သည်အတန်းများပျက်ကွက်ပြီးစနစ်တကျလေ့လာခြင်းမရှိပါကဘွဲ့ရနိုင်မည်မဟုတ်ပါ။

 

ဘွဲ့ရပြီးနောက်ဘာဖြစ်သွားမလဲ

ဂျပန်စာကျောင်းမှဘွဲ့ရသောကျောင်းသားအများစုသည်အသက်မွေးဝမ်းကျောင်းကျောင်းများသို့မဟုတ်တက္ကသိုလ်များသို့တက်ကြသည်။ရှားရှားပါးပါးကိစ္စရပ်များတွင်ဂျပန်ကုမ္ပဏီများတွင်၀င်ရောက်အလုပ်လုပ်သောကျောင်းသားများလည်းရှိသည်။ သို့သော်ဂျပန်ဘာသာစကားကျွမ်းကျင်မှုနှင့်အထူးပြုဘာသာရပ်လိုအပ်သောကြောင့်ကုမ္ပဏီများတွင်အလုပ်လုပ်ရန်ခက်ခဲပါသည်။

 

မေးခွန်းနှင့်အဖြေများ

မေး။ အချိန်ပိုင်းအလုပ်လုပ်လို့ရမလား။

ဖြေ။ လုပ်နိုင်ပါသည်။ သို့သော်အလုပ်ချိန်ကိုကန့်သတ်ထားရှိပါသည်။ စာသင်နှစ်အတွင်းအလုပ်ချိန်သည်တစ်ပတ်လျှင် ၂၈ နာရီဖြစ်ပြီး၊ အားလပ်ရက်ရှည်များတွင်အလုပ်ချိန်သည်နာရီ ၄၀ (တစ်နေ့ နာရီ) ဖြစ်သည်။

ဥပမာတိုကျိုရှိအနိမ့်ဆုံးလုပ်ခသည်ယန်း ,၀၁၃ ဖြစ်သည်။ ထို့ကြောင့်ကျောင်းဖွင့်ချိန်စာသင်နှစ်အတွင်းတွင်တစ်လလျှင် ၁၂၂ နာရီ (၂၈ နာရီ x ) အလုပ်လုပ်လျှင်ပျမ်းမျှယန်း ၁၂၀,၀၀၀ ခန့်ရရှိပြီး အားလပ်ရက်ရှည်များအတွင်းတွင် တစ်လလျှင်နာရီ ၁၆၀  (၄၀နာရီx၄) ပျမ်းမျှယန်း ၁၆၀,၀၀၀ ခန့်ရရှိပါလိမ့်မည်။

 

MYANDEMYသည်ဂျပန်တွင်အလုပ်လုပ်ခြင်းနှင့်ပညာသင်ယူလိုသောမြန်မာလူမျိုးများကို‌အားပေး

ကူညီသွားမှာပါ။ နောက်ဆုံးပေါ်သတင်းအချက်အလက်များကိုကျွန်ုပ်တို့ Facebookစာမျက်နှာ တွင်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် “See First” နဲ့“Like” လုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။

ပိုမိုသိရှိလိုသောသတင်းအချက်အလက်များရှိပါကကျေးဇူးပြု၍ အောက်ဖော်ပြပါပုံစံကိုဖြည့်ပါ။ သင့်တွင်တောင်းဆိုမှုများရှိပါက ကျေးဇူးပြု၍ အောက်ဖော်ပြပါပုံစံကိုဖြည့်ပါ။ ထင်မြင်၊အကြံပြုချက်များနဲ့မေးခွန်းများကိုအနာဂတ်သတင်းအချက်အလက်ဖြန့်ဝေမှုအတွက်ရည်ညွှန်းချက်အဖြစ်အသုံးပြုမှာပါ။


-Inquiry-

Tags

No responses yet

Leave a Reply

%d bloggers like this: