ကျွမ်းကျင်လုပ်သား(Tokuteigino)ဆိုသည်မှာဂျပန်နိုင်ငံတွင် အလုပ်သမားလူဦးရေနည်းပါးသောကြောင့် အခက်ခဲဖြစ်နေသည့်လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသားအလုပ်သမားများကိုခန့်အပ်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလပိုင်းတွင် စတင်ခဲ့သောစနစ်သစ်ဖြစ်သည်။
ဤဆောင်းပါးတွင် ကျွမ်းကျင်လုပ်သားနှင့်ပတ်သက်၍ “မည်သည့်အလုပ်မျိုးကိုလုပ်နိုင်မလဲ” ၊ “ဂျပန်စာအရည်ချင်းနဲ့ အသက်ကရော”၊ “ဂျပန်မှာအလုပ်လုပ်နိုင်မည့်ကာလကရော” စသည့် မြန်မာလူမျိုးအများစုကမေးကြတဲ့အချက်လက်တွေကို ပြောပြသွားပါမည်။
သတ်မှတ်ထားသောကျွမ်းကျင်မှုအမျိုးအစား ၂ ခု “နံပါတ် ၁” နှင့် “နံပါတ် ၂” ရှိသည်။ အောက်ပါအချက်အလက်များသည်နံပါတ် ၁နှင့်သက်ဆိုင်သောအချက်လက်များ ဖြစ်သည်။
————————-
မှတ်ချက်
COVID-19 အခြေနေအရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစယနေ့ထိ ဂျပန်နိုင်ငံအတွင်းသို့ နိုင်ငံခြားသာများ ဝင်ရောက်ခွင့်ကိုရပ်ဆိုင်းထားပါသည်။
နောက်ဆုံးအခြေအနေကိုနိုင်ငံခြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင်စစ်ဆေးနိုင်သည်။
https://www.mofa.go.jp/mofaj/ca/fna/page4_005130.html
————————-
-
ဘယ်လိုအလုပ်မျိုးကိုလုပ်နိုင်မလဲ။
ယခုစနစ်တွင် သူနာပြုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးအပါအ၀င်အောက်ပါနယ်ပယ် ၁၄ ခုတွင်လုပ်ကိုင်နိုင်ပါသည်။ ။၂၀၂၁ ခုနှစ်မတ်လကုန်အထိမှာတော့စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့်ဆောက်လုပ်ရေးလုပ်ငန်းတို့ သည်လုပ်ငန်းကဏ္ဍတစ်ခုချင်းစီ၏ထိပ်ဆုံးသုံးခုဖြစ်သည်။ နောက်ပိုင်းတွင်အလုပ်အကိုင်အခွင့်အလမ်းများစွာရှိလာလိမ့်မည်ဟုမျှော်လင့်ရသည်။
<၁၄ နယ်ပယ်>
- သူနာပြုစောင့်ရှောက်ရေး
- အဆောက်အဦး သန့်ရှင်းရေး
- ကုန်ကြမ်းလုပ်ငန်း
- စက်မှုစက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း
- လျှပ်စစ်၊ အီလက်ထရောနစ်နှင့်သတင်းအချက်အလက်နှင့်သက်ဆိုင်သောလုပ်ငန်း
- ဆောက်လုပ်ရေးလုပ်ငန်း
- သင်္ဘောတည်ဆောက်ခြင်းနဲ့သင်္ဘောစက်မှုလုပ်ငန်း
- မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု
- လေကြောင်းလိုင်း
- တည်းခိုခန်း
- စိုက်ပျိုးရေးလုပ်ငန်း
- ငါးဖမ်းလုပ်ငန်း
- စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း
- စားသောက်ဆိုင်လုပ်ငန်း
-
ဂျပန်စာအရည်ချင်းနဲ့ အသက်အပိုင်းခြား
ကျွမ်းကျင်လုပ်သားအနေဖြင့်ဂျပန်သို့လာရောက်မည်ဆိုပါကသတ်မှတ်ထားသည့်ဥပဒေနှင့်ကိုက်ညီရန်လိုအပ်သည်။
(၁) နယ်ပယ်တစ်ခုစီအတွက်” ကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲ” ကိုအောင်မြင်ရမည်။
(၂) အောက်ပါ ဂျပန်စာအရည်ချင်းစစ်စာမေးပွဲ ၁ သို့မဟုတ် ၂ တစ်ခုကိုအောင်မြင်ရမည်။
၂-၁။ ဂျပန်စာကျွမ်းကျင်မှုစာမေးပွဲ (JLPT) N4
၂-၂။ ဂျပန်ဖောင်ဒေးရှင်း၏ဂျပန်အခြေခံစာမေးပွဲ (JFT-Basic)(https://www.jpf.go.jp/jft-basic/)
(၃) ဂျပန်နိုင်ငံသို့ ဝင်ရောက်မည့်အချိန်တွင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်။
ဥပဒေဆိုင်ရာစည်းမျဉ်းများကပြဌာန်းထားသောလိုအပ်ချက်များအပြင်လုပ်ငန်းခွင်တွင်သတ်မှတ်ထားသောအခြားလိုအပ်ချက်များရှိနိုင်သည်။ ထို့ကြောင့်အလုပ်လျှောက်ထားသောအခါလျှောက်လွှာလမ်းညွှန်ချက်များကိုသေချာစွာစစ်ဆေးပါ။
-
ဂျပန်မှာအလုပ်လုပ်နိုင်မည့်အချိန်ကာလ။
ကျွမ်းကျင်လုပ်သားအနေဖြင့်အလုပ်လုပ်နိုင်မည့်ကာလမှာစုစုပေါင်းငါးနှစ်ဖြစ်သည်။အလုပ်ခွင်အပြောင်းလဲသော်လည်းကောင်း၊ လုပ်ငန်းနယ်ပယ်ပြောင်းလည်းသော်လည်းကောင်း ကျွမ်းကျင်လုပ်သားအနေဖြင့် အလုပ်လုပ်နိုင်သည်မှာ စုစုပေါင်းငါးနှစ်သာဖြစ်သည်။
-
အလုပ်ဘယ်လိုရှာရမလဲ။
ကျွမ်းကျင်လုပ်သားအနေဖြင့်အလုပ်တစ်ခုရရန်အတွက်ကျွမ်းကျင်လုပ်သားများလက်ခံခေါ်ယူနေသည့်မြန်မာနိုင်ငံရှိဝန်ထမ်းခေါ်ယူရေးအေဂျင်စီ (ပို့ဆောင်ရေးအေဂျင်စီ) ကို ဆက်သွယ်ခြင်း သို့မဟုတ် ယင်းတို့၏ website နှင့် Facebook မှသတင်းအချက်အလက်များကိုစုဆောင်းနိုင်သည်။ ဂျပန်စာသင်တန်းကျောင်းများက “ ပို့ဆောင်ရေးအေဂျင်စီ” အဖြစ်ဆောင်ရွက်ပြီးအလုပ်အကိုင်များကိုမိတ်ဆက်ပေးခြင်းများလည်းရှိသည်။
-
လစာဘယ်လောက်ရနိုင်မလဲ?
ဂျပန်နိုင်ငံတွင်ဒေသတစ်ခုစဖိအလိုက်သက်မှတ်ထားသည့်နိမ့်ဆုံးလုပ်အားခရှိပြီးထိုပမာဏထက်နည်းသည်ဟူ၍မရှိပါ။
ဥပမာအားဖြင့်၊ တိုကျို၌အလုပ်လုပ်လျှင်တစ်နာရီလျှင်အနည်းဆုံး 1,013 ယန်း(= 15,000 ကျပ်ခန့်) နှင့်အထက်ရပါမည်။ ဂျပန်နိုင်ငံ၏သက်မှတ်ထားသည့်လစာအနိမ့်ဆုံးဖြစ်သည့် အိုကီနာဝါ ဒေသတွ င်ပင်လုပ်အားခတစ်နာရီလျှင် 792 ယန်း (12,000 ကျပ် ခန့်) နှင့်အထက်ရပါမည်။
သို့သော်ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းကဏ္ဍများတွင်အနည်းဆုံးလုပ်ခကိုသက်မှတ်ထားခြင်းမရှိပါ။ ယေဘုယျအားဖြင့်ကုမ္ပဏီအများစုသည်တစ်လလျှင်ယန်း ၁၇၀,၀၀၀ မှ ၂၀၀,၀၀၀ ယန်းခန့် (= ၂၅ သိန်းမှ ၃၀ သိန်းကျပ်ခန့်) ပေးကြပါသည်။
-
အကျိုးဆောင်ခတွေက ဘယ်လိုလဲ?
ကျွမ်းကျင်ဝန်ထမ်းတစ် ဦးက မြန်မာနိုင်ငံရှိပို့ဆောင်ရေးအေဂျင်စီသို့အများဆုံးပေးဆောင်ရမည့်အကျိုးဆောင်ခကို အများဆုံး 1,500USD (ကျပ် ၂၅သိန်းခန့်) ဟုသက်မှတ်ထားပါသည်။
အကြောင်းရာများအနေဖြင့်
- မြန်မာနိုင်ငံတွင်စာရွက်စာတမ်းလုပ်ငန်းများနှင့်ဆက်သွယ်ရေးကုန်ကျစရိတ် – 200USD
- ဂျပန်သို့ပို့ပြီးသည့်နောက်တွင်အလုပ်သမားအတွက်စောင့်ရှောက်မှုကုန်ကျစရိတ်များ (ဂျပန်သို့ခရီးသွားစာရိတ်စသည်တို့) – 600USD
- ဂျပန်နိုင်ငံရှိလူဝင်မှုကြီးကြပ်ရေးဌာနသို့တင်ပြမည့်စာရွက်စာတမ်းများပြင်ဆင်ခြင်း – 200USD
- ဆေးစစ်ကြေး(၂ ကြိမ်စာ)- 100USD
- ပို့ဆောင်ရေးအေဂျင်စီအကျိုးဆောင်ခ- 400USD
တို့ဖြစ်ပါသည်။
-
ဂျပန်၌အလုပ်စလုပ်သည်အထိ
ဂျပန်စာကို စတင်လေ့လာချိန်မှ ဂျပန်နိုင်ငံတွင်အလုပ်လုပ်သည်အထိ အတွေ့ကြုံများကို လက်ရှိကျွမ်းကျင်လုပ်ငန်းသူနာပြုပြုစုစောင့်ရှောက်ရေး ၀န်ထမ်းအဖြစ်လုပ်ကိုင်နေသော A အား မေးမြန်းခဲ့သည်။ A သည် နယ်ကလာတာဖြစ်ပြီးရန်ကုန်မြို့ရှိ ဝန်ထမ်းခေါ်ယူရေးအေဂျင်စီတွင် ဂျပန်စာကိုသင်ကြားခဲ့ပြီးနောက် ဂျပန်သို့လာရောက်လာခြင်းဖြစ်ပါသည်။COVID-19 ကြောင့်ဂျပန်သို့ရောက်သည်အချိန်များစွာယူခဲ့ရ သို့သော်လည်း ဘယ်လိုပြင်ဆင်မှုတွေလုပ်ခဲ့ရသလဲဆိုတာအောက်ပါကိုကြည့်၍ကိုးကားပါ။
———–
A အတွက်အချိန်ဇယား
※အခြေအနေပေါ် မူတည်၍ အချိန်ဇယားကွဲပြားနိုင်သည့်အတွက် သတိပြုပေးပါရန်
May 2019 – ရန်ကုန်မြို့ရှိဝန်ထမ်းခေါ်ယူရေးအေဂျင်စီနှင့်ဆက်သွယ်ပြီး ဂျပန်စာကိုစတင်လေ့လာပါသည်။
September 2019 -၀န်ထမ်းအေဂျင်စီတစ်ခုတွင်သူနာပြုပြုစုစောင့်ရှောက်မှုအလုပ်နှင့်မိတ်ဆက်
→အင်တာဗျူးကိုလျှောက်ထားခဲ့သည်
January 2020- ကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲ(သူနာပြုစောင့်ရှောက်မှု) အတွက်စာမေးပွဲကိုဖြေဆိုသည်။ →တရားဝင်အလုပ်ကိုအတည်ပြုသည်။
November 2020 ဂျပန်သံရုံးတွင် VISA အတွက်လျှောက်ထားပါသည်။ (လျှောက်လွှာတင်ပြီးခွင့်ပြုချက်ရရန် ၂ ပတ်ခန့်ကြာသည်)
December 2020 – JLPT N4 အောင်မြင်ခဲ့ပါသည်။
January 2021 -ဂျပန်သို့လာရောက်ခဲ့ပါသည်။
February 2021 -သူနာပြုရိပ်သာတွင်အလုပ်စတင်လုပ်ကိုင်ပါသည်။
သူနာပြုစောင့်ရှောက်ရေးက ခက်ခဲသောအရာတွေများသော်လည်း၊ လုပ်ဖော်ကိုင်ဖက်များ၊ အသုံးပြုသူများက သဘောကောင်းကူညီကြသဖြင့်ပျော်ရွှင်တယ်လ်ု့ဆိုပါတယ်။ A ၏အလုပ်ချိန်သည်တနင်္လာနေ့မှသောကြာနေ့ ၉ း ၀၀-၁၇ း ၃၀ ထိ ဖြစ်ပြီး၊ စနေ၊ တနင်္ဂနွေနေ့သည်ပိတ်ရက်ဖြစ်ပါသည်။ အလုပ်လုပ်ကိုင်ရင်းလည်းဂျပန်စာလေ့လာရန်ကြိုးစားနေပါသည်။
———–
《Reference》
出入国在留管理庁「「令和3年3月末の特定技能制度運用状況」について」
http://www.moj.go.jp/isa/policies/ssw/nyuukokukanri01_00127.html(2021年6月19日閲覧)
出入国在留管理庁「特定技能外国人の受入れに関する運用要領」
http://www.moj.go.jp/isa/policies/ssw/nyuukokukanri07_00201.html(2021年6月19日閲覧)
厚生労働省「地域別最低賃金の全国一覧」
https://www.mhlw.go.jp/stf/seisakunitsuite/bunya/koyou_roudou/roudoukijun/minimumichiran/(2021年6月19日閲覧)
※※ဤဆောင်းပါးပါအချက်အလက်များသည် ၂၀၂၁ ခုနှစ်ဇူလိုင်လနောက်ဆုံးတင်ပြထားသောအချက်လက်များဖြစ်သည်။
MYANDEMYသည်ဂျပန်တွင်အလုပ်လုပ်ခြင်းနှင့်ပညာသင်ယူလိုသောမြန်မာလူမျိုးများကိုအားပေး
ကူညီသွားမှာပါ။ နောက်ဆုံးပေါ်သတင်းအချက်အလက်များကိုကျွန်ုပ်တို့ Facebookစာမျက်နှာ တွင်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် “See First” နဲ့“Like” လုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။
ပိုမိုသိရှိလိုသောသတင်းအချက်အလက်များရှိပါကကျေးဇူးပြု၍ အောက်ဖော်ပြပါပုံစံကိုဖြည့်ပါ။ သင့်တွင်တောင်းဆိုမှုများရှိပါက ကျေးဇူးပြု၍ အောက်ဖော်ပြပါပုံစံကိုဖြည့်ပါ။ ထင်မြင်၊အကြံပြုချက်များနဲ့မေးခွန်းများကိုအနာဂတ်သတင်းအချက်အလက်ဖြန့်ဝေမှုအတွက်ရည်ညွှန်းချက်အဖြစ်အသုံးပြုမှာပါ။
-Inquiry-
No responses yet