Undergraduate
  1. ကျောင်းဝင်ခွင့်အရည်အချင်းများ
  1. နိုင်ငံခြားတွင်ကျောင်းပညာရေး(၁၂)တန်းအထိ ပြီးမြောက်ထားသူ
  2. နိုင်ငံခြားတွင် ကျောင်းပညာရေး(၁၂)တန်းအထိ ပြီးမြောက်ခြင်းနှင့်ညီမျှသော ပညာအရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ 
  3. ဂျပန်နိုင်ငံတွင် နိုင်ငံခြားအထက်တန်းကျောင်းနှင့်ညီမျှသည်ဟု သတ်မှတ်ထားသော နိုင်ငံခြားကျောင်းကိုပြီးမြောက်ပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ
  4. နိုင်ငံခြားတွင် ပညာရေး၊အားကစား၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့်ကျောင်းပညာအထက်တန်း(၁၁)တန်းထက်များသောသင်တန်းကို တက်ရောက်အောင်မြင်ထားသူ
  5. နိုင်ငံတကာအကဲဖြတ်အဖွဲ့များ (WACS, CIS, ACSI) အသိအမှတ်ပြုထားသည့်ပညာရေးအဖွဲ့အစည်းက ဖွင့်လှစ်ထားသောသင်တန်းကို (၁၂)တန်းအထိတက်ရောက်အောင်မြင်ပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ
  6. အထက်တန်းကျောင်းပြီးအဆင့် အသိအမှတ်ပြုစာမေးပွဲအားအောင်မြင်ထားပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ
  7. အထက်ပါအရည်အချင်းများအပြင် ကျောင်းပညာရေးဥပဒေတွင် ပြဌာန်းထားသည့် အခြားတက္ကသိုလ်ဝင်ခွင့်အရည်အချင်းတစ်ခုခုကိုပြည့်မီသူ

* 1 မှ 3 အထိနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အထက်တန်းပညာရေးအောင်မြင်ပြီးဆုံးသောသူသည် ပညာသင်နှစ်အရေအတွက်(၁၁)နှစ်သာရှိသော်လည်း ဂျပန်တက္ကသိုလ်လျှောက်နိုင်သောပညာအရည်အချင်းရှိကြောင်း သတ်မှတ်ခြင်းပင်ဖြစ်သည်။ 

  1. ကျောင်းရွေးချယ်မှုအချက်များ
  1. စာသင်ကြားမှုနှင့်သုတေသနအကြောင်းအရာ
  2. သင်ခန်းစာ(ပရိုဂရမ်)
  3. ကျောင်းဝင်ခွင့်စာမေးပွဲ
  4. ကျောင်းပြီးသည့်နောက်ရှေ့ဆက်ရမည့်လမ်းကြောင်း
  5. ကျောင်းစရိတ်နှင့်အခြားစရိတ်များ
  6. ပညာသင်ဆုစသည့်ထောက်ပံ့ငွေ
  7. နေထိုင်မည့်နေရာ
  8. နေထိုင်မည့်ဒေသပတ်ဝန်းကျင်
  1. လျှောက်ထားရန်လိုအပ်သည့် စာရွက်စာတမ်းများ
  1. ကျောင်းဝင်ခွင့်လျှောက်လွှာ
  2. အထက်တန်းပြီးမြောက်ကြောင်း (ပြီးမြောက်ရန်ရှိကြောင်း)လက်မှတ်
  3. အထက်တန်းကျောင်းမှဘာသာရပ်နှင့်ရမှတ်မှတ်တမ်း
  4. တက်ရောက်ခဲ့သောကျောင်းအုပ်(သို့)ကျောင်းဆရာ၏ထောက်ခံစာ
  5. ဂျပန်ဘာသာအရည်အချင်း(သို့)အင်္ဂလိပ်ဘာသာအရည်အချင်းလက်မှတ်
  6. အခြား

*ကျောင်းအလိုက်တင်ပြရမည့်စာရွက်စာတမ်းများ ကွဲပြားပြီး ဂျပန်ဘာသာ(သို့)အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ထားသည်ကိုတောင်းလေ့ရှိသည့်အတွက်အသေးစိတ်ကိုလျှောက်ထားလို့သည့်ကျောင်းသို့ တိုက်ရိုက်မေးမြန်းစုံးစမ်းပါ။

  1. ကျောင်းဝင်ခွင့်စာမေးပွဲစစ်ဆေးရွေးချယ်ခြင်း
  1. စာရွက်စာတမ်းဖြင့်စစ်ဆေးရွေးချယ်ခြင်း
  2. ပညာအရည်အချင်းဖြင့်စစ်ဆေးခြင်း
  3. အင်တာဗျူး
  4. စာစီစာကုံး
  5. ဂျပန်နိုင်ငံတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(EJU)
  6. ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)
  7. တက္ကသိုလ်ဝင်ခွင့် အမျိုးသားစင်တာစာမေးပွဲ
ဂျပန်ကိုလာဖို့အကောင်းဆုံးနည်းလမ်းများ
  • ဂျပန်စာလုံးဝမရဘူးဆိုရင် English program တွေJoin ပြီးကျောင်းတက်လို့ရပါတယ် (MEXT, TOYO, KYOTO IU program, RITSUMEIKE University) အစရှိသည့််programs တွင် Joinလို့ရပါတယ်။ English စာတော့ကောင်းရပါမယ်။
  • ဂျပန်စာ N5/N4 level ပဲ ရှိပြီး အသက်20ဝန်းကျင်ဖြစ်ပြီးတော့ အိမ်ကလဲ သိန်း 120-150 ဝန်းကျင် ရင်းနှီးပေးထားနိုင်တယ်ဆိုရင် language school တက်ပြီး College or University ကို တက်ပါ။
  • ဂျပန်စာ N4/N5 ရှိပြီး ငွေကြေးထောက်ပံနိုင်မှုကလဲ သိပ်မရှိဘူးဆိုရင် သတင်းစာ ကိုအချိန်ပိုင်းပို့ပေးတဲ့ Scholar ရှိပါတယ်။ အဲ့ဒါကို Apply လုပ်ပြီး သွားနိုင်ရင် ကျောင်းစရိတ်မကုန်ပါဘူး။
  • ဂျပန်စာ N3/N2 လောက်ရှိတယ်။ ကိုယ်ကလဲ အလုပ်မရွေးဘူး ဆိုရင် ပိုက်ဆံ မကုနဘဲနဲ့ ကျောင်းတက်၊ အလုပ်လုပ်ချင်ရင် Kaigo Scholar နဲ့ သွားပါ။ Kaigo college ကို 2နှစ် အလကားတက်ရပြီး 5နှစ် အလုပ်လုပ်လို့ရတဲ့ work visa ရပါလိမ့်မယ်။
  • ဂျပန်စာ  N2 လောက် ရှိပြီး အသက်ကဘည်းငယ်သေးမယ်ဆိုရင် Language school ကို 50% Scholar လျှောက်ပြီး 1နှစ်ပဲ တက်ပါ။ university မှာလည်း Scholar ရဖို့ အခွင့်အလမ်းများပါတယ်။
Master degree Process 
  1.  ကျောင်းဝင်ရန်အရည်အချင်းစစ်ဆေးခြင်း
  2.  သုတေသနအစီအစဉ်
  3.  တက္ကသိုလ်၊နည်းပြဆရာရှာဖွေခြင်း
  4.  စာရွက်စာတမ်းတင်ခြင်း
  5.  ကျောင်းဝင်ရန်လုပ်ဆောင်ခြင်း
  6.  သင်ယူနိုင်ခြင်း
1.ကျောင်းဝင်ရန်အရည်အချင်းစစ်ဆေးခြင်း

အောက်ပါအရည်အချင်းတစ်ခုခု ပြည့်မီနေရန် လိုအပ်သည်

  • First semester
  1.  ဂျပန်နိုင်ငံ၏ တက္ကသိုလ်ဘွဲ့ရထားသူ
  2.  National Institution for Academic Degrees and Quality Enhancement of Higher Education (NIAD-QE) မှအသိအမှတ်ပြုသော တက္ကသိုလ်ပထမဘွဲ့ကိုရထားသူ
  3.  နိုင်ငံခြားတွင်ကျောင်းပညာရေး (၁၆)တန်းအထိပြီးမြောက်သူ
  4.  နိုင်ငံခြားရှိတက္ကသိုလ်၊ တက္ကသိုလ်နှင့်ညီမျှသော နိုင်ငံခြားရှိကျောင်းတွင် ၃နှစ်အထက်များသော ပညာသင်နှစ်ကို ပြီးမြောက်အောင်မြင်သောကြောင့် တက္ကသိုလ်ဘွဲ့ရရှိထားသူ
  5. ဂျပန်နိုင်ငံတွင် နိုင်ငံခြားတက္ကသိုလ်သင်တန်းရှိသည်ဟု သတ်မှတ်ထားခြင်းခံရသည့် ပညာရေးအဖွဲ့အစည်း၏(၁၆)နှစ်သင်တန်းကို ပြီးမြောက်သူ
  6. သတ်မှတ်ထားသောသက်မေးပညာ ကောလိပ်ကိုပြီးမြောက်သူ
  7.  ဘွဲ့လွန်တက္ကသိုလ်တွင် သီးခြားကျောင်းဝင်ခွင့် အရည်အချင်းစစ်ဆေးမှုအရ တက္ကသိုလ်ဘွဲ့ရသူနှင့် တန်းတူညီတူနှင့်အထက် ပညာအရည်အချင်းရှိသည်ဟု အသိအမှတ်ပြုခြင်းခံရသူဖြစ်ပြီး အသက်(၂၂)ပြည့်ပြီးသူ
  • Second semester
  1. ဂျပန်နိုင်ငံ၏ မဟာဘွဲ့ဒီဂရီ (သို့) သက်မွေးအတတ်ပညာဒီဂရီကို ရထားသူ
  2.  နိုင်ငံခြားတွင် မဟာဘွဲ့ဒီဂရီ (သို့) သက်မွေးအတတ်ပညာဒီဂရီနှင့် ညီမျှသောဒီဂရီကို ရထားသူ
  3. ဂျပန်နိုင်ငံတွင် နိုင်ငံခြား ဘွဲ့လွန်တက္ကသိုလ်သင်တန်းရှိသည်ဟု သတ်မှတ်ထားခြင်းခံရသည့် သင်တန်းကိုပြီးမြောက်၍ မဟာဘွဲ့ဒီဂရီနှင့်သက်မွေးအတတ်ပညာဒီဂရီများနှင့်ညီမျှသော ဒီဂရီကိုရထားသူ
  4. တက္ကသိုလ်ဘွဲ့ရထားပြီး တက္ကသိုလ်၊ သုတေသနအဖွဲ့အစည်း (နိုင်ငံခြားရှိ တက္ကသိုလ်၊ သုတေသန အဖွဲ့အစည်းများအပါအဝင်) စသည်တွင် (၂)နှစ်နှင့်အထက် သုတေသနလုပ်ငန်းများလုပ်ဆောင်ခဲ့သူဖြစ်ပြီး ဘွဲ့လွန်တက္ကသိုလ်တွင် မဟာဒီဂရီဘွဲ့ကို ရရှိထားသူနှင့် ညီမျှသော ပညာအရည်အချင်းရှိသည်ဟု သတ်မှတ်ခြင်းခံရသူ
  5. ဘွဲ့လွန်တက္ကသိုလ်တွင် သီးခြားကျောင်းဝင်ခွင့်အရည်အချင်း စစ်ဆေးမှုအရ မဟာဘွဲ့ဒီဂရီ (သို့) သက်မွေးအတတ်ပညာဒီဂရီကို ရရှိထားသူနှင့် ညီမျှသာလွန်သော ပညာအရည်အချင်းရှိသူဟု သတ်မှတ်ခြင်းခံရသူဖြစ်ပြီး အသက်(၂၄)နှစ်ပြည့်ပြီးသူ
2.သုတေသနအစီအစဉ်
  1. သုတေသနရည်ရွယ်ချက်
  2. နောက်ခံအကြောင်း
  3. မတူညီသောထင်မြင်ချက်
  4. နည်းလမ်း
  5. ကျမ်းကိုးစာရင်း

*ရေးသားနည်းနှင့်စာလုံးအရေအတွက်မှာ ကျောင်းပေါ်မူတည်ပြီး ကွဲပြားသည်။ များသောအားဖြင့် စာလုံးရေ (၂၀၀၀) ခန့်ဖြစ်သည်။

အမှတ်ပေးသည့်အချက်များ

  1. သုတေသနအပေါ်ထားရှိသည့် သဘောထားဆန္ဒ
  2. ခေါင်းစဉ်ကိုရှာဖွေတွေ့ရှိခဲ့သည့်အင်အား
  3. အရာဝတ္ထုတွေကို ခွဲခြာစိတ်ဖြာနိင်သည့်အင်အား
  4. ကျိုးကြောင်းဆီလျောသည့် စဉ်းစားနိုင်မှုအင်အား
  5. အထူးပြုဘာသာရပ်နှင့်ပတ်သတ်သည့်ဗဟုသုတ

  1. ပညာရေးအကြံပေးပုဂ္ဂိုလ်ရှာရန်

ကျောင်းအလိုက် ကျောင်းလျှောက်လွှာမတင်မီ ကြိုတင်၍ ပညာရေးအကြံပေးပုဂ္ဂိုလ်ကိုရှာပြီး တရားဝင်မဟုတ်သော သဘောတူညီချက်ကိုရယူထားရန်လိုအပ်သည်။

– ပညာရေးအကြံပေးပုဂ္ဂိုလ်ရှာဖွေနည်း

  1.  သင်တက်ရောက်ခဲ့သောတက္ကသိုလ်၏ ပညာရေးအကြံပေးပုဂ္ဂိုလ်အားမိတ်ဆက်ပေးရန် မေတ္တာရပ်ခံခြင်း
  2. ပညာရေးဂျာနယ်များနှင့် နိုင်ငံတကာကျောင်းသားဟောင်းများ၊ သင့်နိုင်ငံရှိသုတေသနပညာရှင်များ အစရှိသည်မှ အချက်အလက်ရယူခြင်း
  3. ဘွဲ့လွန်တက္ကသိုလ်၏ ဝက်ဘ်ဆိုက်စသည်
  4. တက်ရောက်လိုသည့် တက္ကသိုလ်မှ မိတ်ဆက်ပေးခြင်း
  1. ကျောင်းဝင်ခွင့်စာရွက်စာတမ်း
  1. ကျောင်းဝင်ခွင့်လျှောက်လွှာ
  2. တက္ကသိုလ်ဘွဲ့သင်တန်းပြီးမြောက်ကြောင်း လက်မှတ်
  3. မဟာဘွဲ့ဒီဂရီရရှိထားကြောင်း (ရရှိရန်ရှိကြောင်း) လက်မှတ် (ပါရဂူဘွဲ့သင်တန်းအတွက်)
  4. နောက်ဆုံးတက်ရောက်ခဲ့သော ကျောင်း၏ဘာသာရပ်နှင့် ရမှတ်မှတ်တမ်း
  5. ထောက်ခံစာ
  6. မူရင်းတက္ကသိုလ်၏သုတေတန(ဘွဲ့ရ)စာတမ်း နှင့်၎င်းစာတမ်းအကျဉ်းချုပ်
  7. သုတေသနစီမံကိန်း
  8. အခြား

MYANDEMYသည်ဂျပန်တွင်အလုပ်လုပ်ခြင်းနှင့်ပညာသင်ယူလိုသောမြန်မာလူမျိုးများကို‌အားပေး

ကူညီသွားမှာပါ။ နောက်ဆုံးပေါ်သတင်းအချက်အလက်များကိုကျွန်ုပ်တို့ Facebookစာမျက်နှာ တွင်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် “See First” နဲ့“Like” လုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။

ပိုမိုသိရှိလိုသောသတင်းအချက်အလက်များရှိပါကကျေးဇူးပြု၍ အောက်ဖော်ပြပါပုံစံကိုဖြည့်ပါ။ သင့်တွင်တောင်းဆိုမှုများရှိပါက ကျေးဇူးပြု၍ အောက်ဖော်ပြပါပုံစံကိုဖြည့်ပါ။ ထင်မြင်၊အကြံပြုချက်များနဲ့မေးခွန်းများကိုအနာဂတ်သတင်းအချက်အလက်ဖြန့်ဝေမှုအတွက်ရည်ညွှန်းချက်အဖြစ်အသုံးပြုမှာပါ။


-Inquiry-

Tags

No responses yet

Leave a Reply