“ဂျပန်နိုင်ငံမှာအလုပ်လုပ်ချင်လိုက်တာ”“အသက်မွေးဝမ်းကျောင်းဘာသာရပ်ဆိုင်ရာတက္ကသိုလ်၊ဂျပန်ဘာသာစကားသင်တန်းကျောင်း/တက္ကသိုလ်တွေမှာနိုင်ငံခြားပညာတော်သင်အဖြစ်သင်ကြားချင်လိုက်တာ” စသည်ဖြင့်စဥ်းစားနေကြတဲ့မြန်မာပြည်မှလူများအတွက်၊ ဒီဆောင်းပါးကဂျပန်ကိုဘယ်လိုလာရောက်နိုင်မလဲဆိုတဲ့နည်းလမ်းများ ကိုလေ့လာနိုင်ရန်ခြုံငုံသုံးသပ်ချက်ကိုသာပေးလိမ့်မည်ဖြစ်ရာအသေးစိတ်အချက်အလက်များကိုသိလိုပါကဆောင်းပါးတွင်ဖော်ပြပါရှိသောသက်ဆိုင်ရာဝက်ဘ်ဆိုဒ်တစ်ခုချင်းစီ၏အသေးစိတ်စာမျက်နှာများကိုလေ့လာကြည့်ပါ။
————
Work in Japan
- ဂျပန်နိုင်ငံတွင်အလုပ်လုပ်ရန် 5 steps
- Gijinkoku(技人国)
- ကျွမ်းကျင်လုပ်သား(Tokutei-gino/特定技能)
- အလုပ်သင်လုပ်သား(Gino-jisshu/技能実習)
Studying in Japan
- ဂျပန်မှာပညာသင်ဖို့အဆင့် 4 steps
- ဂျပန်ဘာသာစကားကျောင်း(日本語学校)
- အသက်မွေးဝမ်းကျောင်းCollege (専門学校)
- တက္ကသိုလ်(大学)
- Graduate School(大学院)
- MBA
————
Work in Japan
“ဂျပန်နိုင်ငံမှာအလုပ်လုပ်ဖို့ဘယ်လိုလုပ်ရမလဲ?”။
ဒီစာစုမှာမှဂျပန်နိုင်ံငံကိုလာရောက်အလုပ်လုပ်ကိုင်ဖို့အတွက်လိုအပ်တဲ့အဆင့်(၅)ဆင့်နဲ့မြန်မာနိုင်ငံသားအများစုလက်ရှိချိန်မှာလျှောက်ထားကြတဲ့ဗီဇာအမျိုးအစားဖြစ်တဲ့ “Gijinkoku(技人国)”နည်းပညာဆိုင်ရာအတတ်ပညာရှင်,ကျွမ်းကျင်လုပ်သား(特定技能)၊ အလုပ်သင်လုပ်သား(技能実習)စတဲ့အချက်အလက်တွေကိုဖော်ပြပေးသွားမှာပါ။
-
ဂျပန်နိုင်ငံတွင်အလုပ်လုပ်ရန် 5 steps
ဂျပန်နိုင်ငံတွင်အလုပ်လုပ်သောမြန်မာအလုပ်သမားအချို့တွေ့ကြုံရသောအခက်အခဲများအနေဖြင့် “အသိအကျွမ်းတစ်ယောက်ကမိတ်ဆက်ပေးလိုအလုပ်ရပေမယ့်အလုပ်ကကိုယ်နဲ့မကိုက်ညီဘူး”
“ လစာကောင်းတယ်၊ ဒါပေမယ့်အလုပ်ကခက်တယ်” စတဲ့ပြဿနာများကိုရင်ဆိုင်နေရသူများလည်းရှိကြပါတယ်။
အလုပ်ကိုမရှာဖွေခင်မှာမိမိနှင့်ကိုက်ညီသော၊ ကိုယ်တိုင်စိတ်ပါဝင်စားသောအလုပ်ကိုသေချာစွာ
စဥ်းစား ပြီးအလုပ်ရဲ့သဘောသဘာဝကိုသိရှိနားလည်အောင်လေ့လာပြီးမှာသာအလုပ်ကိုရှာဖွေသင့်
ပါတယ်။
Step1. | မိမိကိုယ်ကိုနားလည်ခြင်း | ကိုယ်ကဘယ်လိုအလုပ်မျိုးကိုလုပ်ချင်သလဲ? (Will)
ကိုယ်မှာဘယ်လိုကျွမ်းကျင်မှုမျိုးပိုင်ဆိုင်ထားသလဲ? (Can) မိမိရဲ့လက်ရှိအခြေအနေကိုပြန်လည်သုံးသပ်ကြပါစို့။ ဥပမာ။ ။ ဂျပန်ဘာသာစကားကိုနေ့စဥ်သုံးပြီးလုပ်ရမယ့်အလုပ် မျိုးကိုလုပ်ချင်ပေမယ့်ကိုယ်ကဂျပန်ဘာသာစကားတတ်မြောက် ထားခြင်းမရှိရင်တော့အရင်ဆုံးဂျပန်ဘာသာစကားကိုသင်ယူဖို့လိုအပ်ပါလိမ့်မယ်။ |
Step2. | အလုပ်ကိုနားလည်ခြင်း | လုပ်ငန်းခွင်ပေါ်မူတည်ပြီးလိုအပ်သောအရည်အချင်း/ကျွမ်းကျင်မှုများဟာလည်းမတူညီကြပါဘူး။
“ဘယ်လိုအရည်အချင်းမျိုးလိုအပ်လဲ”၊ “မဖြစ်မနေလုပ်ကိုလုပ်ရမယ့်အရာကဘာလဲ” (Must)စတဲ့အချက်များကိုသေချာစွာနားလည်ဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာလုပ်ငန်းကိုလုပ်ကိုင်နေသောသူများ၊ အတွေ့အကြုံရှိသူများနဲ့ဆွေးနွေးတိုင်ပင်မေးမြန်းခြင်းများပြုလုပ်သင့်ပါတယ်။ |
Step3. | အလုပ်ရွေးချယ်မှုဆိုငရာညွှန်းပြစက်ဝိုင်းများရဲ့ထိစပ်မှု | မိမိရဲ့ဆန္ဒ(Will),ကျွမ်းကျင်မှု (Can)နဲ့ မဖြစ်မနေဆောင်ရွက်ရမယ့်အရာ (Must) စတဲ့အချက်တွေကို
သေချာစွာသဘောပေါက်နားလည်ပြီးတဲ့နောက်မှာဒီအချက်တွေနဲ့ကိုက်ညီတဲ့အလုပ်မျိုးကိုရှာဖွေရွေးချယ်သင့်ပါတယ်။ အထက်ပါအချက်သုံးချက်ရဲ့ ညွှန်းပြစက်ဝိုင်များထိစပ်မှုဧရိယာ ဟာကြီးလေကောင်းလေလို့ဆိုကြပါတယ်။ |
Step4. | အလုပ်လျှောက်ထားခြင်းနှင့်ခန့်အပ်လွှာရယူခြင်း | မိမိရွှေးချယ်လျှောက်လမ်းလိုတဲ့ဦးတည်ချက်အပေါ်ဆုံးဖြတ်ချက်ချပြီးတာနဲ့အလုပ်လုပ်ကိုင်လိုတဲ့ကုမ္ပဏီကိုအလုပ်ကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်၊ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်တွေမှာရှာဖွေခြင်း၊ သို့မဟုတ် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကနေရှာဖွေ
ခြင်းကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်အလုပ်ကမ်းလှမ်းခြင်းကိုမရရှိမှီမှာစာရွက်စာတမ်း စစ်ဆေးခြင်းနဲ့ အင်တာဗျူးခြင်းအဆင့်တွေရှိမှာဖြစ်ပါတယ်။ ဒီလိုအလုပ်လျှောက်တဲ့နေရာမှာ “ကျွမ်းကျင်လုပ်သား” ဒါမှမဟုတ် “နည်းပညာဆိုင်ရာအလုပ်သင်” အဖြစ်လျှောက်ထား နိုင်တဲ့အခွင့်အရေးတွေကိုလည်းလေ့လာသင့်ပါတယ်။ |
Step5. | Residential Status/VISA | ဂျပန်နိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်ဖို့အတွက် “နေထိုင်ခွင့်”
ဒါမှမဟုတ် “ဗီဇာ”လိုအပ်ပါတယ်။သင်အလုပ်လုပ်ကိုင်မယ့် ကုမ္ပဏီ၊ ဒါမှမဟုတ် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကနေ နေထိုင်ခွင့်/ဗီဇာရအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်းမိမိဘာသာဆောင်ရွက်ရမယ့်လုပ်ငန်းစဥ်များကိုသိရှိထားဖို့လည်းအရေးကြီးပါတယ်။ |
-
Gijinkoku(技人国)<<URL
ဂျပန်ကုမ္ပဏီတွေမှာနည်းပညာဆိုင်ရာအတတ်ပညာရှင်ဒါမှမဟုတ်ရုံးဝန်ထမ်းအဖြစ်အလုပ်လုပ်ကိုင်နိုင်ရန်အတွက်ဒီဗီဇာအမျိုးအစားရှိဖို့လိုအပ်ပါတယ်။. “Gi”ဆိုတဲ့အဓိပ္ပါယ်က “Gijutsu””နည်းပညာ”ကို အတိုကောက်ခေါ်ဆိုတာဖြစ်ပြီး၊ “Jin” ဆိုတာက “Jinbun-chishiki(Humanities)”လူ့အရင်းအမြစ်ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။“Koku” ဆိုတာကတော့“Kokusai-gyomu(International Services)” အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး။
အားလုံးကိုပေါင်းစပ်ကာ “Gijinkoku”လို့ဒီဗီဇာအမျိုးအစားကိုခေါ်တယ်. ဒီ ဗီဇာအမျိုးအစားနဲ့ဂျပန်နိုင်ငံမှာအလုပ်လုပ်ကိုင်နေကြ တဲ့နိုင်ငံခြားသားတွေကို “အဆင့်မြင့်ပြည်ပလူ့အရင်းအမြစ်များ”လို့လည်းခေါ်ပါတယ်။
လိုအပ်ချက်များ | 1) ပညာအရည်အချင်း (a or b)
a. တက္ကသိုလ်၊ ကောလိပ် ဘွဲ့ရ b. ဂျပန်သက်မွေးမှုဆိုင်ရာသင်တန်းကျောင်းဘွဲ့ရ 2) ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်တွင်အသက်၁၈နှစ်နှင့်အထက်ရှိရန် |
ရရှိနိုင်သောအလုပ်အကိုင်များ | အိုင်တီစစ်စတမ်ဒီဇိုင်း၊ မားကတ်တင်းနှင့်အပလီကေးရှင်းdevelopment စသည့်။ |
-
ကျွမ်းကျင်လုပ်သား(Tokutei-gino/特定技能)<<URL
ကျွမ်းကျင်လုပ်သားဗီဇာအမျိုးစားဟာဂျပန်နိုင်ငံတွင်လုပ်သားရှားပါးသောလုပ်ငန်းခွင်၁၄ခုမှာပြည်ပမှလုပ်သားများအလုပ်လုပ်ကိုင်ခွင့်ပြုသောဗီဇာအမျိုးစားဖြစ်ပါတယ်။ (ဥပမာ။ သက်ကြီးပြုစုရှောက်ရေး၊ ဆောက်လုပ်ရေးနှင့်စိုက်ပျိုးရေးလုပ်ငန်း။)
လိုအပ်ချက်များ | 1) သက်ဆိုင်ရာနယ်ပယ်မှကျွမ်းကျင်မှုအရည်ချင်းစစ်စာမေးပွဲအောင်မြင်ရန်။
2)ဂျပန်ဘာသာစကားကျွမ်းကျင်မှု (a or b) a.ဂျပန်ဘာသာစကားကျွမ်းကျင်မှု(JLPT)N4 b.The Japan Foundation Basic ဂျပန်ဘာသာစကားစာမေးပွဲ 3) ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်တွင်အသက်၁၈နှစ်နှင့်အထက်ရှိရန် |
ရရှိနိုင်သောအလုပ်အကိုင်များ | အဖျော်ယမကာထုတ်လုပ်ရေးလုပ်ငန်း၊သက်ကြီးပြုစုရှောက်ရေး၊ ဆောက်လုပ်ရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းအပါအဝင်လုပ်ငန်း၁၄မျိုး။ |
-
အလုပ်သင်လုပ်သား(Gino-jisshu/技能実習)<<URL
အလုပ်သင်ဗီဇာအမျိုးအစားကနိုင်ငံခြားလုပ်သားများဂျပန်နိုင်ငံမှာသက်ဆိုင်ရာနယ်ပယ်ရဲ့နည်းပညာများကိုလေ့လာသင်ကြားပြီးမိမိရဲ့မိခင်နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်နိုင်ရန်အဓိကရည်ရွယ်သောဗီဇာစနစ်အမျိုးအစားဖြစ်ပါတယ်
လိုအပ်ချက်များ | 1) ဂျပန်ဘာသာစကားကျွမ်းကျင်မှု
သက်ကြီးပြုစုရှောက်ရေးနာစ်လုပ်ငန်း: ဂျပန်ဘာသာစကားကျွမ်းကျင်မှု(JLPT)N4အဆင့်ရှိရန်လိုအပ်ပါတယ်။ 2) ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်တွင်အသက်၁၈နှစ်နှင့်အထက်ရှိရန် |
ရရှိနိုင်သောအလုပ်အကိုင်များ | ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ဆောက်လုပ်ရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းအပါအဝင်လုပ်ငန်း၈၅မျိုး။ |
-
Study in Japan
ဒီစာပုဒ်မှာတော့”ဂျပန်နိုင်ငံမှာပညာသင်ရန်အတွက်အဆင့်၃ဆင့်”နဲ့”ဂျပန်ဘာသာစကားသင်တန်းကျောင်း”၊သက်မွေးမှုသင်တန်းကျောင်း၊ တက္ကသိုလ်နဲ့ ဘွဲ့လွန်ကျောင်း/MBAနဲ့ပါတ်သက်တာတွေကိုမိတ်ဆက်ပေးသွားမှာပါ။ “ဂျပန်ဘာသာစကားမပြောတတ်သေးလို့”ဒါမှမဟုတ်
“ကျောင်း၊ကျုရှင်လခနဲ့နေထိုင်စရိတ်တွေ”ကိုစိုးရိမ်ပူပန်ပြီးတော့ဂျပန်ပညာတော်သင်အိပ်မက်ကိုလက်မလျှော့လိုက်ပါနဲ့။ မြန်မာနိုင်ငံမှာဂျပန်ဘာသာစကားကိုသင်ယူလေ့လာနိုင်ပြီး၊ ပညာတော်သင်ဆုလျှောက်ထားခြင်းနဲ့နိုင်ငံတကာပရိုဂရမ်တွေမှာပါဝင်ကာEnglishဘာသာစကားလေ့လာခြင်းများပြုလုပ်နိုင်တဲ့အခွင့်အရေးတွေရှိနေပါတယ်။များစွာသောရွေးချယ်စရာအခွင့်အလမ်းတွေရှိနေတာဖြစ်ပါတယ်။ကျောင်းဝင်ခွင့်ရရန်လိုအပ်တဲ့ယျေဘုယအချက်များကိုအောက်ပါအတိုင်းစုစည်းတင်ပြလိုက်ပါတယ်။အသေးစိတ်အချက်အလက်များကိုတော့သက်ဆိုင်ရာကျောင်း/တက္ကသိုလ်များမှာစုံစမ်းရမှာဖြစ်ပါတယ်။
-
ဂျပန်မှာပညာသင်ဖို့အဆင့် 4 steps
ဂျပန်နိုင်ငံမှာပညာသင်ဖို့အတွက်အောက်ပါအချက်များသိရှိနားလည်ရန်လိုအပ်ပါတယ်။ များသောအားဖြင့်ဂျပန်နိုင်ငံက ကျောင်းနဲ့တက္ကသိုလ်တွေဟာသတင်းအချက်အလက်အစုံအလင်ကိုဝက်ဘ်
ဆိုဒ်တွေမှာဖော်ပြထားပါတယ်။ဒီအချက်အလက်တွေကိုသေချာစွာလေ့လာပြီးတော့မှန်မှန်ကန်ကန်ရွေးချယ်ဖို့လိုအပ်ပါတယ်။
Step1. | Decide what you want to learn | မိမိရဲ့စိတ်ဝင်စားမှု၊တတ်မြောက်လိုသောကျွမ်းကျင်မှုတို့အပေါ်မူတည်ပြီးသင်ယူလိုသောဘာသာရပ်ကိုဆုံးဖြတ်ရွေးချယ်ပါ။ ကြိုးစားလိုသောလှုံဆော်မှုကသာသင်ကြားမှုကိုရေရှည်စွဲမြဲစေမှာဖြစ်ပါတယ်။ |
Step2. | Research schools and programs | ဘယ်လိုပရိုဂရမ်မျိုးနဲ့ကျောင်းတွေရှိနေသလဲ၊ ကျောင်းဝင်ခွင့်
လျှောက်ထားဖို့အတွက်ဘာတွေလိုအပ်လဲ၊ ပညာတော်သင်ဆု လျှောက်ထားလို့ရနိုင်မလား၊စတဲ့အချက်တွေကိုရှာဖွေလေ့လာဖို့လိုအပ်ပါတယ်။ ဒီလိုအချက်အလက်တွေကိုအင်တာနက် Search Engines တွေဥပမာ Google မှာအလွယ်တကူရှာ ဖွေနိုင်ပါတယ်။ (ဥပမာ။ ။ “xxxx University Admission”လို့စာရိုက်သွင်းကာရှာဖွေခြင်း) |
Step3. | Application and Admissions | မိမိသင်ကြားလိုသောဘာသာရပ်ကိုသင်ယူနိုင်ပြီးကျောင်းဝင်ခွင့်
လိုအပ်ချက်များ၊ ကျုရှင်လခစတဲ့အချက်တွေမှာမိမိနဲ့ကိုက်ညီမှု ရှိသောကျောင်း၊ တက္ကသိုလ်၊ ပရိုဂရမ်တွေကိုရွေးချယ်လျှောက် ထားသင့်ပါတယ်။ဒီနောက်မှာဝင်ခွင့်စာမေးပွဲကိုဖြေဆိုရမှာဖြစ်ပြီးနောက်တစ်ဆင့်မှာသက်ဆိုင်ရာဘာသာရပ်ဌာနရဲ့စာမေးပွဲ၊ အင်တာဗျူးတွေကိုဖြေဆိုရမှာဖြစ်ပါတယ်။ |
Step4. | Admission Procedures and Student VISA | ကျောင်းဝင်ခွင့်စာမေးပွဲကိုအောင်မြင်ပါကကျောင်းအပ်ရန်လို
အပ်သောပြင်ဆင်မှုများကိုလုပ်ဆောင်ရမှာြဖစ်ပါတယ်။ ဂျပန်နိုင်ငံမှာနေထိုင်ကာပညာသင်နိုင်ရန်အတွက်”ကျောင်းသား ဗီဇာ”ရှိဖို့လိုအပ်ပါတယ်။ |
-
ဂျပန်ဘာသာစကားကျောင်း(日本語学校)<<URL
ဂျပန်စာဘာသာစကားကျောင်းများသည်အဖွဲ့အစည်းများနှင့်သက်ဆိုင်ရာအသင်းအဖွဲ့များကသတ်မှတ်ပြငှာန်းထားသောကျောင်းများဖြစ်ပီးဂျပန်တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျောင်းပေါင်း ၆၀၀ ကျော်ရှိပါသည်။အဆိုပါကျောင်းများတွင်ကျောင်းသားပေါင်း ၈၀,၀၀၀ ကျော်ဂျပန်စာဆည်းပူးနေကြ
ပါတယ်။လွန်ခဲ့သောနှစ်ပေါင်းများစွာကဂျပန်ဘာသာစကားကျောင်းများကိုကျောင်းသားများအားတက္ကသိုလ်များနှင့်အသက်မွေး၀မ်းကျောင်းကျောင်းများသို့၀င်ရန်ပြင်ဆင်ရာဖို့အတွက်ရည်ရွယ်ခဲ့သော်လည်းယနေ့ခေတ်တွင်ဂျပန်ဘာသာစကားကျောင်းများ၏ရည်ရွယ်ချက်မှာဂျပန်ယဉ်ကျေးမှုဖြန့်ဝေရန်နှင့်ဂျပန်နိုင်ငံတွင်လုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်ခြင်းများသို့ပြောင်းလဲလာခဲ့ပါတယ်။
အဓိကလိုအပ်ချက်များ (ဥပမာ | –(၁၂) နှစ်ပညာရေးပြီးဆုံးထားရမည်။
※မြန်မာနိုင်ငံပညာရေးစနစ်တွင်မူလတန်းအလယ်တန်းအထက်တန်းစုစုပေါင်း(၁၀)နှစ်ဖြစ်သည့်အတွက်ဂျပန်တက္ကသိုလ်တ္ငင်တက်ရောက်ရန်ဂျပန်စာအထူးပြုသင်တန်းကျောင်းတွင်၂နှစ်ဆက်တက်ဖို့လိုအပ်တယ်။ -ဂျပန်နိုင်ငံသို့ရောက်သည့်အချိန်တ္ငင်အနည်းဆုံးအသက် (၁၈)နှစ်နှင့်အထက်ရှိရပါမည်။ -JLPT N5 နှင့်အထက်ဂျပန်စာကျွမ်းကျင်မှုရှိရမည်။ |
-
အသက်မွေးဝမ်းကျောင်းCollege (専門学校)<<URL
ဤကဏ္ဍတွင်ဂျပန်တွင်အသက်မွေး၀မ်းကျောင်းကောလိပ်များ တက်ရန်ရွေးချယ်ခြင်းနှင့်ပတ်သက်၍
မိတ်ဆက်ပေးပါမယ်။ သက်မွေး၀မ်းကျောင်းကောလိပ်ဆိုသည်မှာအလုပ်အမျိုးမျိုးအတွက်
လိုအပ်သည့်အရည်အချင်းများကိုလေ့လာရပြီးချက်ချင်းအလုပ်လုပ်နိုင်မည့်စွမ်းရည်ကိုလက်တွေ့လေ့ကျင့်နိုင်သည့်ကျောင်းဖြစ်ပါတယ်။ဆေးဘက်ဆိုင်ရာသက်သာချောင်ချိရေး၊ အိုင်တီ၊ မြို့ပြအင်ဂျင်နီယာ၊ အချက်အပြုတ်၊ ဖက်ရှင်နှင့်စီးပွားရေးစသည့်နယ်ပယ်အားလုံးတွင်အသက်မွေးဝမ်းကျောင်း
ကောလိပ်ကျောင်းများစွာရှိပါတယ်။
အဓိကလိုအပ်ချက်များ (ဥပမာ | – (၁၂) နှစ်ပညာရေးပြီးဆုံးထားရမည်။
-ဂျပန်နိုင်ငံသို့ရောက်သည့်အချိန်တ္ငင်အနည်းဆုံးအသက် (၁၈)နှစ်နှင့်အထက်ရှိရပါမည်။ -JLPT N5 နှင့်အထက်ဂျပန်စာကျွမ်းကျင်မှုရှိရမည်။ |
-
တက္ကသိုလ်(大学)<<URL
ဂျပန်နိုင်ငံရဲ့တက္ကသိုလ်များဟာများသောအားဖြင့်ဧပြီလမှာကျောင်းအပ်လက်ခံကြပါတယ်။ ဒီစာပိုဒ်မှာတော့
ကျောင်းဝင်ခွင့်စာမေးပွဲဖြေဆိုခြင်းအဆင့်များ၊ ပညာတော်သင်ဆု၊ English ဘာသာဖြင့်သင်ကြားနိုင်သော
နိုင်ငံတကာပရိုဂရမ်များနဲ့ပါတ်သက်ပြီးမိတ်ဆက်ပေးမှာပါ။
အဓိကလိုအပ်ချက်များ (ဥပမာ | – (၁၂) နှစ်ပညာရေးပြီးဆုံးထားရမည်။
-ဂျပန်နိုင်ငံသို့ရောက်သည့်အချိန်တ္ငင်အနည်းဆုံးအသက် (၁၈)နှစ်နှင့်အထက်ရှိရပါမည်။ |
-
Graduate School(大学院)
ဂျပန်နိုင်ငံရဲ့အခြားသောတက္ကသိုလ်များလိုပဲ ဘွဲ့လွန်ကျောင်းများဧပြီလမှာကျောင်းအပ်လက်ခံကြပါတယ်။ ဘွဲ့လွန်သင်တန်းများမှာတက်ရောက်ရန်လျှောက်ထားတဲ့အခါမှာဘယ်လိုသုတေသနမျိုးကိုပြုလုပ်ဆိုတဲ့အစီ
အစဥ်ကိုပြုလုပ်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ဒီစာပုဒ်မှာတော့ဘွဲ့လွန်သင်တန်းကျောင်းဝင်ခွင့်စာမေးပွဲရဲ့လုပ်ငန်းစဥ်အဆင့်ဆင့်ကိုမိတ်ဆက်ပေးမှာပါ။
အဓိကလိုအပ်ချက်များ (ဥပမာ | -တက္ကသိုလ်ရမှတ်မှတ်တမ်း(Grade Point Average, GPA) သို့မဟုတ် ဘွဲ့လက်မှတ်
-သုတေသနအစီအစဥ် -English ဘာသာစကားကျွမ်းကျင်မှုလက်မှတ် (TOEFL/IELTS/TOEIC) -ဂျပန်ဘာသာစကားကျွမ်းကျင်မှု |
-
MBA(Master of Business Administration)<<URL
ဂျပန်နိုင်ငံရဲ့MBAသင်တန်းကျောင်းများကိုရွေးချယ်ခြင်း၊ ပညာတောင်သင်ဆုပရိုဂရမ်များနဲ့ပါတ်သက်ပြီး
မိတ်ဆက်ပေးမှာပါ။ ဂျပန်ဘာသာစကားမပြောနိုင်သောသူများအတွက်လည်းEnglishဘာသာစကားနဲ့သင်
ယူနိုင်သောသင်တန်းများရှိတဲ့အတွက်သေချာလေ့လာကြည့်ရှုကြပါ။
အဓိကလိုအပ်ချက်များ (ဥပမာ | -လုပ်ငန်းခွင်အတွ့အကြုံ
–ပညာအရည်ချင်း (တက္ကသိုလ်ဘွဲ့ရ သို. 16 years of education is common) -ဂျပန်ဘာသာ သို့ English ဘာသာစကားကျွမ်းကျင်မှု |
MYANDEMYသည်ဂျပန်တွင်အလုပ်လုပ်ခြင်းနှင့်ပညာသင်ယူလိုသောမြန်မာလူမျိုးများကိုအားပေး
ကူညီသွားမှာပါ။ နောက်ဆုံးပေါ်သတင်းအချက်အလက်များကိုကျွန်ုပ်တို့ Facebookစာမျက်နှာ တွင်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် “See First” နဲ့“Like” လုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။
ပိုမိုသိရှိလိုသောသတင်းအချက်အလက်များရှိပါကကျေးဇူးပြု၍ အောက်ဖော်ပြပါပုံစံကိုဖြည့်ပါ။ သင့်တွင်တောင်းဆိုမှုများရှိပါက ကျေးဇူးပြု၍ အောက်ဖော်ပြပါပုံစံကိုဖြည့်ပါ။ ထင်မြင်၊အကြံပြုချက်များနဲ့မေးခွန်းများကိုအနာဂတ်သတင်းအချက်အလက်ဖြန့်ဝေမှုအတွက်ရည်ညွှန်းချက်အဖြစ်အသုံးပြုမှာပါ။
-Inquiry-
No responses yet