ကျွမ်းကျင်လုပ်သား(Tokuteigino)ဆိုသည်မှာဂျပန်နိုင်ငံတွင် အလုပ်သမားလူဦးရေနည်းပါးသောကြောင့် အခက်ခဲဖြစ်နေသည့်လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသားအလုပ်သမားများကိုခန့်အပ်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလပိုင်းတွင် စတင်ခဲ့သောစနစ်သစ်ဖြစ်သည်။

ဤဆောင်းပါးတွင် ကျွမ်းကျင်လုပ်သားနှင့်ပတ်သက်၍ “မည်သည့်အလုပ်မျိုးကိုလုပ်နိုင်မလဲ” ၊ “ဂျပန်စာအရည်ချင်းနဲ့ အသက်ကရော”၊ “ဂျပန်မှာအလုပ်လုပ်နိုင်မည့်ကာလကရော” စသည့် မြန်မာလူမျိုးအများစုကမေးကြတဲ့အချက်လက်တွေကို ပြောပြသွားပါမည်။

သတ်မှတ်ထားသောကျွမ်းကျင်မှုအမျိုးအစား ၂ ခု “နံပါတ် ၁” နှင့် “နံပါတ် ၂” ရှိသည်။ အောက်ပါအချက်အလက်များသည်နံပါတ် ၁နှင့်သက်ဆိုင်သောအချက်လက်များ ဖြစ်သည်။

————————-

မှတ်ချက်

COVID-19 အခြေနေအရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစယနေ့ထိ ဂျပန်နိုင်ငံအတွင်းသို့ နိုင်ငံခြားသာများ ဝင်ရောက်ခွင့်ကိုရပ်ဆိုင်းထားပါသည်။

နောက်ဆုံးအခြေအနေကိုနိုင်ငံခြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင်စစ်ဆေးနိုင်သည်။

https://www.mofa.go.jp/mofaj/ca/fna/page4_005130.html

————————-

  • ဘယ်လိုအလုပ်မျိုးကိုလုပ်နိုင်မလဲ။

ယခုစနစ်တွင် သူနာပြုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးအပါအ၀င်အောက်ပါနယ်ပယ် ၁၄ ခုတွင်လုပ်ကိုင်နိုင်ပါသည်။ ။၂၀၂၁ ခုနှစ်မတ်လကုန်အထိမှာတော့စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရေး၊  စိုက်ပျိုးရေးနှင့်ဆောက်လုပ်ရေးလုပ်ငန်းတို့ သည်လုပ်ငန်းကဏ္ဍတစ်ခုချင်းစီ၏ထိပ်ဆုံးသုံးခုဖြစ်သည်။ နောက်ပိုင်းတွင်အလုပ်အကိုင်အခွင့်အလမ်းများစွာရှိလာလိမ့်မည်ဟုမျှော်လင့်ရသည်။

 

<၁၄ နယ်ပယ်>

  1. သူနာပြုစောင့်ရှောက်ရေး
  2. အဆောက်အဦး သန့်ရှင်းရေး
  3. ကုန်ကြမ်းလုပ်ငန်း
  4. စက်မှုစက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း
  5. လျှပ်စစ်၊ အီလက်ထရောနစ်နှင့်သတင်းအချက်အလက်နှင့်သက်ဆိုင်သောလုပ်ငန်း
  6. ဆောက်လုပ်ရေးလုပ်ငန်း
  7. သင်္ဘောတည်ဆောက်ခြင်းနဲ့သင်္ဘောစက်မှုလုပ်ငန်း
  8. မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု
  9. လေကြောင်းလိုင်း
  10. တည်းခိုခန်း
  11. စိုက်ပျိုးရေးလုပ်ငန်း
  12. ငါးဖမ်းလုပ်ငန်း
  13. စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း
  14. စားသောက်ဆိုင်လုပ်ငန်း
  • ဂျပန်စာအရည်ချင်းနဲ့ အသက်အပိုင်းခြား

ကျွမ်းကျင်လုပ်သားအနေဖြင့်ဂျပန်သို့လာရောက်မည်ဆိုပါကသတ်မှတ်ထားသည့်ဥပဒေနှင့်ကိုက်ညီရန်လိုအပ်သည်။

 

(၁) နယ်ပယ်တစ်ခုစီအတွက်” ကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲ” ကိုအောင်မြင်ရမည်။
(၂) အောက်ပါ ဂျပန်စာအရည်ချင်းစစ်စာမေးပွဲ ၁ သို့မဟုတ် ၂ တစ်ခုကိုအောင်မြင်ရမည်။

 ၂-၁။ ဂျပန်စာကျွမ်းကျင်မှုစာမေးပွဲ (JLPT) N4

 ၂-၂။ ဂျပန်ဖောင်ဒေးရှင်း၏ဂျပန်အခြေခံစာမေးပွဲ (JFT-Basic)(https://www.jpf.go.jp/jft-basic/)

(၃) ဂျပန်နိုင်ငံသို့ ဝင်ရောက်မည့်အချိန်တွင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်။

ဥပဒေဆိုင်ရာစည်းမျဉ်းများကပြဌာန်းထားသောလိုအပ်ချက်များအပြင်လုပ်ငန်းခွင်တွင်သတ်မှတ်ထားသောအခြားလိုအပ်ချက်များရှိနိုင်သည်။ ထို့ကြောင့်အလုပ်လျှောက်ထားသောအခါလျှောက်လွှာလမ်းညွှန်ချက်များကိုသေချာစွာစစ်ဆေးပါ။

 

  • ဂျပန်မှာအလုပ်လုပ်နိုင်မည့်အချိန်ကာလ။

ကျွမ်းကျင်လုပ်သားအနေဖြင့်အလုပ်လုပ်နိုင်မည့်ကာလမှာစုစုပေါင်းငါးနှစ်ဖြစ်သည်။အလုပ်ခွင်အပြောင်းလဲသော်လည်းကောင်း၊ လုပ်ငန်းနယ်ပယ်ပြောင်းလည်းသော်လည်းကောင်း ကျွမ်းကျင်လုပ်သားအနေဖြင့် အလုပ်လုပ်နိုင်သည်မှာ စုစုပေါင်းငါးနှစ်သာဖြစ်သည်။

 

  • အလုပ်ဘယ်လိုရှာရမလဲ။

ကျွမ်းကျင်လုပ်သားအနေဖြင့်အလုပ်တစ်ခုရရန်အတွက်ကျွမ်းကျင်လုပ်သားများလက်ခံခေါ်ယူနေသည့်မြန်မာနိုင်ငံရှိဝန်ထမ်းခေါ်ယူရေးအေဂျင်စီ (ပို့ဆောင်ရေးအေဂျင်စီ) ကို ဆက်သွယ်ခြင်း သို့မဟုတ် ယင်းတို့၏  website နှင့် Facebook မှသတင်းအချက်အလက်များကိုစုဆောင်းနိုင်သည်။ ဂျပန်စာသင်တန်းကျောင်းများက  “ ပို့ဆောင်ရေးအေဂျင်စီ” အဖြစ်ဆောင်ရွက်ပြီးအလုပ်အကိုင်များကိုမိတ်ဆက်ပေးခြင်းများလည်းရှိသည်။

 

  • လစာဘယ်လောက်ရနိုင်မလဲ?

ဂျပန်နိုင်ငံတွင်ဒေသတစ်ခုစဖိအလိုက်သက်မှတ်ထားသည့်နိမ့်ဆုံးလုပ်အားခရှိပြီးထိုပမာဏထက်နည်းသည်ဟူ၍မရှိပါ။

ဥပမာအားဖြင့်၊ တိုကျို၌အလုပ်လုပ်လျှင်တစ်နာရီလျှင်အနည်းဆုံး 1,013 ယန်း(= 15,000 ကျပ်ခန့်) နှင့်အထက်ရပါမည်။ ဂျပန်နိုင်ငံ၏သက်မှတ်ထားသည့်လစာအနိမ့်ဆုံးဖြစ်သည့် အိုကီနာဝါ ဒေသတွ င်ပင်လုပ်အားခတစ်နာရီလျှင် 792 ယန်း (12,000 ကျပ် ခန့်) နှင့်အထက်ရပါမည်။

သို့သော်ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းကဏ္ဍများတွင်အနည်းဆုံးလုပ်ခကိုသက်မှတ်ထားခြင်းမရှိပါ။ ယေဘုယျအားဖြင့်ကုမ္ပဏီအများစုသည်တစ်လလျှင်ယန်း ၁၇၀,၀၀၀ မှ ၂၀၀,၀၀၀ ယန်းခန့် (= ၂၅ သိန်းမှ ၃၀ သိန်းကျပ်ခန့်) ပေးကြပါသည်။

 

  • အကျိုးဆောင်ခတွေက ဘယ်လိုလဲ?

ကျွမ်းကျင်ဝန်ထမ်းတစ် ဦးက မြန်မာနိုင်ငံရှိပို့ဆောင်ရေးအေဂျင်စီသို့အများဆုံးပေးဆောင်ရမည့်အကျိုးဆောင်ခကို အများဆုံး  1,500USD (ကျပ် ၂၅သိန်းခန့်) ဟုသက်မှတ်ထားပါသည်။

အကြောင်းရာများအနေဖြင့်

  • မြန်မာနိုင်ငံတွင်စာရွက်စာတမ်းလုပ်ငန်းများနှင့်ဆက်သွယ်ရေးကုန်ကျစရိတ် – 200USD
  • ဂျပန်သို့ပို့ပြီးသည့်နောက်တွင်အလုပ်သမားအတွက်စောင့်ရှောက်မှုကုန်ကျစရိတ်များ (ဂျပန်သို့ခရီးသွားစာရိတ်စသည်တို့) – 600USD
  • ဂျပန်နိုင်ငံရှိလူဝင်မှုကြီးကြပ်ရေးဌာနသို့တင်ပြမည့်စာရွက်စာတမ်းများပြင်ဆင်ခြင်း – 200USD
  • ဆေးစစ်ကြေး(၂ ကြိမ်စာ)- 100USD
  • ပို့ဆောင်ရေးအေဂျင်စီအကျိုးဆောင်ခ- 400USD

တို့ဖြစ်ပါသည်။

  • ဂျပန်၌အလုပ်စလုပ်သည်အထိ

ဂျပန်စာကို စတင်လေ့လာချိန်မှ ဂျပန်နိုင်ငံတွင်အလုပ်လုပ်သည်အထိ အတွေ့ကြုံများကို လက်ရှိကျွမ်းကျင်လုပ်ငန်းသူနာပြုပြုစုစောင့်ရှောက်ရေး ၀န်ထမ်းအဖြစ်လုပ်ကိုင်နေသော A အား မေးမြန်းခဲ့သည်။ A သည် နယ်ကလာတာဖြစ်ပြီးရန်ကုန်မြို့ရှိ ဝန်ထမ်းခေါ်ယူရေးအေဂျင်စီတွင် ဂျပန်စာကိုသင်ကြားခဲ့ပြီးနောက် ဂျပန်သို့လာရောက်လာခြင်းဖြစ်ပါသည်။COVID-19 ကြောင့်ဂျပန်သို့ရောက်သည်အချိန်များစွာယူခဲ့ရ သို့သော်လည်း ဘယ်လိုပြင်ဆင်မှုတွေလုပ်ခဲ့ရသလဲဆိုတာအောက်ပါကိုကြည့်၍ကိုးကားပါ။

———–

A အတွက်အချိန်ဇယား

အခြေအနေပေါ် မူတည်၍ အချိန်ဇယားကွဲပြားနိုင်သည့်အတွက် သတိပြုပေးပါရန်

May 2019 – ရန်ကုန်မြို့ရှိဝန်ထမ်းခေါ်ယူရေးအေဂျင်စီနှင့်ဆက်သွယ်ပြီး ဂျပန်စာကိုစတင်လေ့လာပါသည်။

September 2019 -၀န်ထမ်းအေဂျင်စီတစ်ခုတွင်သူနာပြုပြုစုစောင့်ရှောက်မှုအလုပ်နှင့်မိတ်ဆက်

→အင်တာဗျူးကိုလျှောက်ထားခဲ့သည်

January 2020- ကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲ(သူနာပြုစောင့်ရှောက်မှု) အတွက်စာမေးပွဲကိုဖြေဆိုသည်။ →တရားဝင်အလုပ်ကိုအတည်ပြုသည်။

November 2020 ဂျပန်သံရုံးတွင် VISA အတွက်လျှောက်ထားပါသည်။ (လျှောက်လွှာတင်ပြီးခွင့်ပြုချက်ရရန် ၂ ပတ်ခန့်ကြာသည်)

December 2020 – JLPT N4 အောင်မြင်ခဲ့ပါသည်။

January 2021 -ဂျပန်သို့လာရောက်ခဲ့ပါသည်။

February 2021 -သူနာပြုရိပ်သာတွင်အလုပ်စတင်လုပ်ကိုင်ပါသည်။

 

သူနာပြုစောင့်ရှောက်ရေးက ခက်ခဲသောအရာတွေများသော်လည်း၊ လုပ်ဖော်ကိုင်ဖက်များ၊ အသုံးပြုသူများက သဘောကောင်းကူညီကြသဖြင့်ပျော်ရွှင်တယ်လ်ု့ဆိုပါတယ်။ A ၏အလုပ်ချိန်သည်တနင်္လာနေ့မှသောကြာနေ့ ၉ း ၀၀-၁၇ း ၃၀ ထိ ဖြစ်ပြီး၊ စနေ၊ တနင်္ဂနွေနေ့သည်ပိတ်ရက်ဖြစ်ပါသည်။ အလုပ်လုပ်ကိုင်ရင်းလည်းဂျပန်စာလေ့လာရန်ကြိုးစားနေပါသည်။

 

———–

《Reference》

出入国在留管理庁「「令和3年3月末の特定技能制度運用状況」について」

http://www.moj.go.jp/isa/policies/ssw/nyuukokukanri01_00127.html(2021年6月19日閲覧)

出入国在留管理庁「特定技能外国人の受入れに関する運用要領」

http://www.moj.go.jp/isa/policies/ssw/nyuukokukanri07_00201.html(2021年6月19日閲覧)

厚生労働省「地域別最低賃金の全国一覧」

https://www.mhlw.go.jp/stf/seisakunitsuite/bunya/koyou_roudou/roudoukijun/minimumichiran/(2021年6月19日閲覧)

 ※※ဤဆောင်းပါးပါအချက်အလက်များသည် ၂၀၂၁ ခုနှစ်ဇူလိုင်လနောက်ဆုံးတင်ပြထားသောအချက်လက်များဖြစ်သည်။

MYANDEMYသည်ဂျပန်တွင်အလုပ်လုပ်ခြင်းနှင့်ပညာသင်ယူလိုသောမြန်မာလူမျိုးများကို‌အားပေး

ကူညီသွားမှာပါ။ နောက်ဆုံးပေါ်သတင်းအချက်အလက်များကိုကျွန်ုပ်တို့ Facebookစာမျက်နှာ တွင်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် “See First” နဲ့“Like” လုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။

ပိုမိုသိရှိလိုသောသတင်းအချက်အလက်များရှိပါကကျေးဇူးပြု၍ အောက်ဖော်ပြပါပုံစံကိုဖြည့်ပါ။ သင့်တွင်တောင်းဆိုမှုများရှိပါက ကျေးဇူးပြု၍ အောက်ဖော်ပြပါပုံစံကိုဖြည့်ပါ။ ထင်မြင်၊အကြံပြုချက်များနဲ့မေးခွန်းများကိုအနာဂတ်သတင်းအချက်အလက်ဖြန့်ဝေမှုအတွက်ရည်ညွှန်းချက်အဖြစ်အသုံးပြုမှာပါ။


-Inquiry-

Tags

No responses yet

Leave a Reply

%d bloggers like this: